ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာတွင် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် ယနေ့ နံနက်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာ တောင်သူ ဦးအေးမင်းသိန်း၏ ကွင်းအမှတ် (၅၁၆)၊ ဦးပိုင်အမှတ် (၂၄/၁)၊ မိုးစပါးဆင်းသုခ (၅.၆၄)ဧက၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး စံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊ ခရိုင်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က စတင်စိုက်ပျိုးခဲ့သည့် "*ဆင်းသုခ*" မိုးစပါးစိုက်ခင်းအား စနစ်တကျ စံကွက် ရိတ်သိမ်းခဲ့ကာ စပါးအထွက်နှုန်းမှန်ကန်စွာထွက်ရှိရေးအတွက် လက်တွေ့စံကွက် ရိတ်သိမ်း၍ မိုးစပါး ၁ ဧက အထွက်နှုန်း စပါးအစို (၉၀.၂၀) တင်း၊ မိုးစပါးအခြောက် (၈၃.၀) တင်းခြွေလှေ့တိုင်းတာ တွက်ချက်မှု များကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ရောက်ရှိ၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု‌ တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဇော် နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေး ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို (၁၁၀၀) အချိန်တွင်အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

16-Oct-2026