ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

­

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ နေ့လည် (၁၁၂၀)နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်တာ၀န်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ပန်းတနော်မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ပွင့်လင်းမှု ရိုးသားမှု စည်းလုံးညီညွတ်မှု အကြံဉာဏ်ကောင်းများဖြင့် မိမိတို့မြို့ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးမြှင့်တင်မှုနှင့် အမျိုးသား ပညာရေမြင့်မားရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာတတ်လူငယ်များ ပေါ်ပေါက်လာမှသာ တိုင်းပြည်အနာဂတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

­

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့၊ အထကကျောင်းနှင့် အမှတ် (၂) အထကကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား/သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်ခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူနေသော လူနာများနှင့် ကုသဆောင်များအား ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

23-Jun-2016