ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် ဓနုဖြူမြို့နယ်အတွင်းရှိဆီထွက်သီးနှံစိုက်တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်

ဓနုဖြူ အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် ယနေ့ အောက်တိုဘာလ ၁၆ရက်နေ့ မွန်းလွဲပိုင်းက အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ဓနုဖြူမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံစိုက်တောင်သူများအား သွင်းအားစုများပေးအပ်ပွဲနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က မြို့နယ်အတွင်း ဆီထွက်သီးနှံလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံစိုက်တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးက လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့်အဖွဲ့သည်အုန်းပင်ကွင်း​ကျေးရွာ၊ ကွင်းအမှတ် (၂၀၁) ဦးပိုင်အမှတ် (၁၁)ရှိ ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက်မှ တာဝန်ယူစိုက်ပျိုးထားသည့် ၂၀၂၆-၂၀၂၇ ခုနှစ် မှော်ဘီ ၃ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့တက်ရောက်၍ကြည့်ရှုအားပေးခဲ့ရာမြို့နယ်စိုက်ပျိုးရေးဦးစီးမှူမှ မျိုးစေ့ထုတ်စံပြ စိုက်ခင်းဆောင်ရွက်မှုနှင့် အထွက်နှုန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် မြို့နယ်စည်ပင်ရုံးသို့သွားရောက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

16-Oct-2026