ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရန်ကုန်-ပုသိမ်လမ်းထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ပုသိမ်မြို့အတွင်း ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြည့်ရှုစစ်ဆေး

ပုသိမ် အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင် ၉၉ မိုင် ၇ ဖာလုံမှ မိုင်တိုင် ၁၀၀ ကြား ၂၀ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ပုသိမ်ပညာရေးဒီဂရီကောလိပ် ၁၀၉၅ ပေ × ၄၈ ပေ လေးလမ်းသွား ကွန်ကရစ်လမ်းတိုးချဲ့ ဆောင်ရွက်မည့်လုပ်ငန်း၊ ရန်ကုန်-ပုသိမ်လမ်း ၁၁၁ မိုင်၂ ဖာလုံမှ ၁၁၁ မိုင် ၅ ဖာလုံတွင် အဝိုင်း ဆောင်ရွက်မည့်မြေနေရာနှင့် ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမကြီးနှင့်မြကျွန်းသာ လမ်းဆုံမီးပွိုင့် တွင် ယာဉ်၊ လမ်း အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်သွားလာမှု လွယ်ကူချောမွေ့စေရေး တို့အတွက် ယာဉ်ကြော (Free Lane) သတ်မှတ်ဆောင်ရွက်မည့်နေရာချထားမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေး၊ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ပြည်သူများသွားလာအသုံးပြုရာ၌ အဆင်ပြေချောမွေ့စေရေးကို အလေးထားဆောင်ရွက် ကြရန် မှာကြားခဲ့ပါသည်။

16-Oct-2026