ရေဘေးသင့်ဒေသပြည်သူများ စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ရေး ဇာတ်သဘင်ငှားရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား

ပုသိမ် အောက်တိုဘာ ၁၆

ရေဘေးသင့်ဒေသပြည်သူများ စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ရေး ဇာတ်သဘင်ငှားရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၁ တွင် ကျင်းပခဲ့သည်။ ဦးစွာ AW ဖောင်ဒေးရှင်းက ရေဘေးသင့်ဒေသပြည်သူများ စိတ်ဓာတ်ခွန်အားမြှင့်တင် နိုင်ရေး ဇာတ်သဘင်ငှားရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးက လက်ခံရယူသည်။ ထို့ပြင် AW ဖောင်ဒေးရှင်းက ပုသိမ်မြို့ဝင်မုခ်ဦး တည်ဆောက်ရေး ကော်မတီသို့ လည်းကောင်း၊ ARCCI အသင်းရုံးတည်ဆောက်ရန်အတွက် လည်းကောင်း အလှူငွေများကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်းသိရှိရသည်။

16-Oct-2026