သန့်ရှင်းသာယာလှပရေး၊‌ ရေစီးရေလာကောင်းမွန်စေရေး၊အခြေအနေများအား ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး လှည့်လည်ကြည့်ရှုစစ်ဆေး

ပုသိမ် အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး သည် အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် စည်ပင်မှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်‌ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ပုသိမ်မြို့အားClean City, Green City, Smart City ဖြစ်ပေါ်စေရေး ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများဖြစ်သည့် အမှတ်(၁၄)၊ ဥမ္မာဒန္တီရပ်ကွက်၊ဓါတုကလျာဈေးဝန်းကျင်နှင့် ရပ်ကွက်အတွင်း စူပါအယ်လ်နီညို ဖြစ်ပေါ်လာပါက သောက်သုံးရေပြတ်လတ်မှုမရှိ‌စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊သန့်ရှင်းသာယာရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

14-Oct-2026