အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကြောင့် ပြည်သူများပုသိမ်ကန်သုံးဆင့်ပန်းခြံတွင် အပူရှောင်အနားယူနိုင်ရေးကြိုတင်ပြင်ဆင်

ပုသိမ် အောက်တိုဘာ ၁၄

ဧရာ၀တီတိုင်းဒေသကြီးပုသိမ်မြို့အား Clean City, Green City,Smart City ဖြစ်ပေါ်စေရေး ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို အယ်လ်နီညိုရာသီဥတု ပြောင်းလဲမှုဖြစ်စဥ်များကြောင့် ပြည်သူများအပူရှောင်အနားယူနေရာများ ဆောင်ရွက်ထားရှိမှုများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး နှင့်တာ၀န်ရှိသူများက အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းကသွားရောက်ကြည့်ရှုခဲ့ပါသည်။

စည်ပင်သာယာရေး၀န်ကြီးနှင့်အဖွဲ့သည်အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ရာသီဥတု ပြောင်းလဲမှုများနှင့်အတူ အပူချိန်မြင့်တက်ခြင်း၊ ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်လာနိုင်သည့် ကာလတွင် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံတွင် ပြည်သူများအပူရှောင်အပန်းဖြေအနားယူနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်ကွက်ပြည်သူများက စုပေါင်းသန့်ရှင်းရေး၊ သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်တာများ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

14-Oct-2026