ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် မြောင်းမြ၊ အိမ်မဲ ၊ဝါးခယ်မမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်း၊ စိုက်ပျိုးရေးတို့နှင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများ လျာထားချက်နှင့်အညီပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပုသိမ် အောက်တိုဘာ ၁၃

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် သည် မြောင်းခရိုင်အတွင်း ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများ လျာထားချက်နှင့်အညီပြည့်မီစွာ စိုက်ပျိုးနိင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မြောင်းမြခရိုင်စိုက်ပျိုးရေး ဦးစီးမှူး၊ မြောင်းမြခရိုင် မြေစာရင်းဦးစီးမှူး၊ မြောင်းမြမြို့၊ အိမ်မဲမြို့၊ ဝါးခယ်မမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာနရှိ မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး၊ မြောင်းမြမြို့၊ အိမ်မဲမြို့၊ ဝါးခယ်မမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများ လျာထားချက်နှင့်အညီပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးမှ လိုအပ်သည်များအား ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ခဲ့ပါသည်။

13-Oct-2026