တိုင်းဒေသကြီးဝန်ကြီးချုပ် လေးမျက်နှာမြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး ရေကြီး နစ်မြုပ်ပျက်စီးသော ဧကများအနက် စပါးသီးနှံ ပြန်လည်စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါး၊ ထွန်ယက်ဆီနှင့် ပဲစိုက်ပျိုးမည့် တောင်သူများအား မတ်ပဲမျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများသို့တက်ရောက်

ပုသိမ် အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး ရေကြီး နစ်မြုပ်ပျက်စီးသော ဧကများအနက် စပါးသီးနှံ ပြန်လည်စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါး ၊ ထွန်ယက်ဆီနှင့် ပဲစိုက်ပျိုးမည့်တောင်သူများအား မတ်ပဲမျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး “ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့သဖြင့် မြို့နယ်၅မြို့နယ် ရေဘေးဒဏ်ကိုခံစားခဲ့ရပါကြောင်း၊ ရေဘေးသင့်ပြည်သူများကို ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များက ရွှေ့ပြောင်းမှုများနှင့် လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သဘာဝဘေးဒဏ် အခက်အခဲများကို လက်တွဲညီညီဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက် သွားကြရမှာဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ပံ့ပိုးကူညီဆောင်ပေးသွားမှာဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်ပျက်စီးသောဧကများအား သီးနှံများပြန်လည် စိုက်ပျိုးရာတွင် အောင်ရေရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အယ်လ်နီညိုနှင့်ပတ်သက်၍ လိုအပ်သည်များကိုလည်း ကြိုတင်ပြင်တင်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ စက်သုံးဆီများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း” ပြောကြားပြီးဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်ပျက်စီးသောဧကများအနက် စပါးသီးနှံပြန်လည်စိုက်ပျိုးမည့် တောင်သူများ၊ ပဲစိုက်ပျိုးမည့်တောင်သူများထံသို့ မျိုးစပါး၊ မတ်ပဲမျိုး၊ ထွန်ယက်ဆီ၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ ဘက်စုံသုံး ရွက်ဖျန်းအားတိုးဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

13-Oct-2026