လေးမျက်နှာမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ အောင်မင်္ဂလာဈေးတွင် ဈေးသည်များ ပြန်လည်ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေး
ပုသိမ် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ အောင်မင်္ဂလာဈေးတွင် ဈေးသည်များ ပြန်လည်ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများ အဆင်ပြေစွာ ဈေးရောင်းဝယ်နိုင်ရေး၊ သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိသည့် ဈေးတစ်ခုဖြစ်စေရေး ဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။
13-Oct-2026