ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး ရေကြည်မြို့နယ်သို့ ကွင်းဆင်းကြည့်ရှု

ပုသိမ် အောက်တိုဘာ ၁၁

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး သည် သစ်တောဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစောခိုင်ဦးနှင့် တာဝန်ရှိသူများသည် ရေကြည်မြို့၊ ကိုင်းငူကျေးရွာရှိ ဦးရဲမင်းသိန်း၏ ကြိမ်အလုပ်ရုံသို့ သွားရောက်၍ ရေကြည်မြို့နယ် ကြိမ်နှင့် ဝါး လက်မှုအချောထည် ထုတ်လုပ်သူများအသင်း ဥက္ကဌ နှင့် အဖွဲ့ဝင်များ နှင့် တွေ့ဆုံ၍ ကြိမ်အချောထည်ထုတ်လုပ်မှုတွင် လိုအပ်သော ကုန်ကြမ်းရရှိရေး၊ နည်းပညာနှင့် ချေးငွေရရှိရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ် မိုးရာသီ ရေကြည်မြို့နယ်၊ ကြိမ်နှင့် ဝါး လက်မှု အချောထည်ထုတ်လုပ်သူများအသင်းမှ တည်ထောင် စိုက်ပျိုးသည့် ကိုင်းငူကျေးရွာရှိ (၁/၂၀၂၆) ကြိမ် စမ်းသပ်စိုက်ခင်း (၂)ဧက ၊ ရေကြိမ် (၃၅၀)ပင်၊ သိုင်းကြိမ် (၁၉)ပင်၊ လက်မဲကြိမ်(၁၉)ပင်၊ ပေါင်း (၃၈၈)ပင် စိုက်ပျိုးလျက်သည့်နေရာသို့ စစ်ဆေး ကြည့်ရှု့ခဲ့ပြီး နွေရာသီအတွက်စိုက်ပျိုးပင်များရှင်သန်ရေး ရေလိုအပ်ချက်များရှိလာနိုင်သဖြင့် ကြိုတင်စီမံဆောင်ရွက်ရန် နှင့် ချောင်းသာစိုက်ခင်းများတွင် ကြိမ်စိုက်ခင်းတိုးချဲ့စိုက်ပျိုးနိုင်ရန် သစ်တောစိုက်ခင်းနေရာသစ်ရှာဖွေဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည်၂၀၂၆ ခုနှစ် မိုးရာသီ လေကာတန်းအဖြစ် စိုက်ပျိုးထားသည့် ကျားချောင်ကျေးရွာ အဝင်လမ်း နှင့် သရက်ပင်လှ ကျေးရွာ အဝင်လမ်းရှိ ပျဉ်းကတိုးပင် (၅၀၀)ပင် နှင့် မန်ဂျန်ရှားပင် (၅၀၀)ပင် စိုက်ပျိုးထားမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပင်များအား ပြုစုထိန်းသိမ်းခြင်း ဆောင်ရွက်ရန် နှင့် ရှင်သန်အောင်မြင်မှုကောင်းမွန်စေရေး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း ထိန်းသိမ်းခြင်း ဆောင်ရွက်ရန် တို့ကိုမှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် Bella Interior ကုမ္ပဏီသို့ သွားရောက်၍ ကြိမ် လက်မှုအချောထည်ပစ္စည်းများ ထုတ်လုပ်မှုများအား လေ့လာကြည့်ရှု၍ တိုင်းဒေသကြီးအတွက် ပြည်ပပို့ကုန်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းမှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့၊ သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိရုံးတွင်ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ရေကြီးနှစ်မြှုပ်မှုကြောင့် ပြန်လည်နေရာချထားခြင်း ဆောင်ရွက်ထားမှုများ၊ မြို့မပျိုးဥယျာဉ်သို့ သွားရောက်၍ အထူးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှုများ၊ သေပင်အစားထိုးပင်များအတွက် လိုအပ်သောပျိုးပင်များထပ်မံပျိုးထား‌ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ရေကြည်မြို့၊ ဦးနိုင်ဦး၏ ဝါးလက်မှုအချောထည်အလုပ်ရုံတွင် ဝါးလက်မှု ပစ္စည်းများ ထုတ်လုပ်မှုများအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

11-Oct-2026