ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် တိုင်း/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့်တွေ့ဆုံ

၂၀၂၆ အောက်တိုဘာ ၉

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်သည် ဧရာဝတီတိုင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားခွဲရုံမှူးများနှင့်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများမှ ခရိုင်၊ မြို့နယ်အလိုက် တစ်ဦးချင်းမိတ်ဆက်ပြီး တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓာတ်အားရရှိမှုပေါ်မူတည်၍ ဖြန့်ဖြူးပေးမည့် အစီအစဥ်များအားရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးမှ လက်ရှိဓာတ်အားရရှိမှုပေါ်မူတည်ကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ပြည်သူများ အချိန်အပြည့်အဝရရှိ​​ရေးအတိအကျဖြန့်ဖြူးရန်လိုအပ်ကြောင်း၊ ပြည်သူများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် အချိန်တိုးပေးနို​င်ရေးအတွက် လက်ရှိဓာတ်အားရရှိမှုနှင့် ဓာတ်အားပေးဝေမှုအား ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများအနေဖြင့် မီတာလျှောက်ထားမှုနှင့်ပတ်သက်၍ ပြည်သူများအခက်အခဲမဖြစ်စေရေအတွက် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းမှာကြားခဲ့ပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

09-Oct-2026