ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ပုသိမ်မြို့၊ အမှတ် (၇)ရပ်ကွက်၊ ရာမည လမ်းမကြီး ၃ လမ်း ကွန်ကရစ်လမ်းခင်းနေမှုအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၆ အောက်တိုဘာ ၉

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် သည် ပုသိမ်မြို့၊ အမှတ် (၇)ရပ်ကွက်၊ ရာမည လမ်းမကြီး ၃ လမ်း ကွန်ကရစ်လမ်း ခင်းနေမှုအားသွားရောက်ကြည့်ရှုခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးသည် ကွန်ကရစ်လမ်းခင်းရန်အတွက် ကြိုတင်မြေညှိနေမှုများ၊ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုများ အားကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

09-Oct-2026