ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ပုသိမ်စက်မှုဇုန်အားသွားရောက်ကြည့်ရှု
၂၀၂၆ အောက်တိုဘာ ၈
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးရာလ်ကျုံးတို့သည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ပုသိမ်စက်မှုဇုန်သို့ သွားရောက်ကြည့်ရှူခဲ့ကြပါသည်။
ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီရုံးတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး စက်မှုထုတ်လုပ်မှု့လုပ်ငန်းများအနေဖြင့် ထပ်မံတိုးတက်ကြရန်အတွက်ကြိုးစားကြရန်လိုအပ်ကြောင်း၊ ပုသိမ်စက်မှုဇုန် (၂) အနေဖြင့် (ဂ)အဆင့်မီနေသော်လည်း ပုသိမ်စက်မှုဇုန် (၁) အနေဖြင့် (ဂ)အဆင့် စက်မှုဇုန်ဖြစ်မြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်မှုဇုန် အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
08-Oct-2026