လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ညောင်တုန်းမြို့၊ ကျွန်းတာကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအားလိုက်လံကြည့်ရှု
ပုသိမ် စက်တင်ဘာ ၂၇
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် နှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးလှမိုး တို့သည် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာမှာ တာအိကျမှုဖြစ်ပွားခဲ့သည့်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ သောင်တူးလုပ်ငန်းဆောင်ရွက်နေမှုများ၊ သုံးတန်းသွား အုန်းတိုင်တန်း ရေကာပြုလုပ်ဆောင်ရွက်မည့် အခြေအနေများ၊ ကမ်းထိန်းတမံပြုလုပ်ဆောင်ရွက်မည့်အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ကြည့်ရှူခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။