ငဝန်တာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေး အရေးကြီးလုပ်ငန်းစဉ်အောင်မြင်စွာပြီးစီး
၂၀၂၆ စက်တင်ဘာ ၂၂
မိဘပြည်သူများ စိုးရိမ်ပူပန်နေကြသည့် ငဝန်တာ ရေဝင်လမ်းကြောင်းအား အပြီးသတ် ပိတ်ဆို့နိုင်ရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည် ၁၂:၀၀ နာရီတွင် Sheet Pile အားလုံးကို အပြည့်အဝ ရိုက်သွင်း ပိတ်ဆို့နိုင်ခဲ့ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ရေစီးသန်သည့် အခက်အခဲကြားမှ Sheet Pile များဖြင့် ပိတ်ဆို့နိုင်ခဲ့ပြီးဖြစ်သည့်အပြင် အဆိုပါ ရိုက်ပြီးသား Sheet Pile များနှင့် တာတမံ ရေရှည်ပိုမိုခိုင်မာတောင့်တင်းစေရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များကိုလည်း မနားတမ်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ရေဝင်လမ်းကြောင်းကို ထိရောက်စွာ အဟန့်အတားပြုလုပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ကျန်ရှိနေသည့် ရေတား/ ရေပိတ် လုပ်ငန်းစဉ်များအားလုံး ရာနှုန်းပြည့် အောင်မြင်စွာပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။