ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ပုသိမ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့နယ်၊ ပဲရုံဆိပ်ကျေးရွာရှိ ထိပ်တန်းနို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းသို့ သွားရောက်၍ နို့စားနွား၊ နွားသားပေါက်မွေးမြူထားရှိမှုများအခြေအနေများ၊ နို့ပြုပြင်ထုတ်လုပ်ရေးစက်ရုံနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ချိဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများက နို့စားနွား၊ နွားသားပေါက်မွေးမြူထားရှိမှုများ၊ အရည်အသွေးမြင့်၍ အာဟာရပြည့်ဝသော နို့ထွက်ပစ္စည်းများကို ထုတ်လုပ်၍ ဒေသတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ဖြန့်ချီ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာရှိ ဦးဟိန်းဇာနည်အောင်၏ ဥစားကြက်ခြံသို့သွားရောက် ဥစားကြက်ကောင်ရေ (၂၀၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး ဥစားကြက်မွေးမြူထားရှိမှု၊ အစာ၊ ရေ ကျွေးမွေးမှု၊ ကြက်ဥထုတ်လုပ်ရောင်းချရမှု အခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်ရေးဆောင်ရွက်ရန်၊ ဒေသထွက်တိရစ္ဆာန်အစာများ ပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။