လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက်စားသောက်ကုန်များ၊ အိမ်သုံးပစ္စည်းများနှင့် အလှူငွေများလာရောက်လှူဒါန်း
ပုသိမ် စက်တင်ဘာ ၁၃
(၁၃-၉-၂၀၂၆)ရက်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာတွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဝိသာခါဖောင်ဒေးရှင်းမှ ဆန်၊ ဆီ၊ ဆပ်ပြာ၊ တာပေါ်လင်မိုးကာ၊ လက်ဖက်နှင့် အိမ်သုံးပစ္စည်းများကို လည်းကောင်း၊ ဦးထွန်းသိန်း+ဒေါ်စန်းရီ စက်သုံးဆီရောင်းဝယ်ရေးနှင့် မြန်မာထမင်းဆိုင် မိသားစုက အလှူငွေကျပ် သိန်း ၅၀၀ ကိုလည်းကောင်း လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
13-Sep-2026