ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
ပုသိမ် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ရေကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံ သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ရေကြည်မြို့၊ ဗထူးရပ်ကွက်၊ ပန်းတိမ်တန်းလမ်း အတွင်း၌ ရေပြန်လည်ကျဆင်း၍ မိမိတို့နေအိမ်များတွင် ပြန်လည်နေထိုင် ကြသော ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ဆက်လက်ပေးအပ်ခဲ့ကာ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွား စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ရေတွင်းရေကန်များတွင် ရေသန့်ဆေးကလိုရင်း ခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
12-Sep-2026