ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်

ပုသိမ် စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ အိုင်သပြုကျေးရွာအုပ်စု၊ မယင်း (မြောက်)ကျေးရွာရှိ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေသန့်ဆေး ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ် ဆေးရုံသို့သွားရောက်၍ ဆေးရုံပြန်လည်ဖွင့်လှစ်ထားရှိမှုနှင့် ဆေးရုံ တက်ရောက်ကုသမှုခံယူ‌နေသည့်လူနာများကို ကြည့်ရှုအားပေးစကားများပြောကြားခဲ့ပြီး လူနာများကို ကြက်ဥများပေးအပ်ခဲ့ကာ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

10-Sep-2026