ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကျားခေါင်းဓာတ်မီးနှင့် အလှူငွေများလာရောက်လှူဒါန်း

ပုသိမ် စက်တင်ဘာ ၉

(၉-၉-၂၀၂၆) ရက်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဟိန္ဒူမိသားစုများကူညီထောက်ပံ့ရေးအဖွဲ့(မြန်မာ)က ကျား‌ခေါင်းဓာတ်မီး အလုံး၁၀၀၀နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဝင်းမောင် သံအမတ်ကြီး(ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးမင်းဝင်း၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းအေး(ငြိမ်း)နှင့် တာဝန်ရှိသူများက အလှူငွေများကို လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

09-Sep-2026