ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်း(အရှေ့) ကျေးရွာ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုသိမ် စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်း(အရှေ့)ကျေးရွာ သေဋ္ဌိကာရုံကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပြည်သူများအနေဖြင့် ရေဘေးကြောင့် ရင်ဆိုင်နေရသည့်အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းရိုင်းပင်းကူညီကာ အခက်အခဲများကို အတူတကွကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က အားပေးစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းများနှင့်အလှူငွေမျာ ပေးအပ်ခဲ့သည်။

03-Sep-2026