၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (UN Tourism Day - 2026) အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် စက်တင်ဘာလ ၃

၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (UN Tourism Day - 2026) အခမ်းအနားအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၌ နေပြည်တော်၊ MICC-I တွင် ကျင်းပပြုလုပ်နိုင်ရေးအတွက်အကြို လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ(၂)တွင် တိုင်းဒေသကြီးစီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ် နှင့် တိုင်းဒေသကြီးစည်ပင်သာယာ‌ရေးဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ခေတ္တတိုင်းဦးစီးမှူး၊ စက်မူကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်တက်‌ ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးစည်ပင်သာယာ‌ရေးဝန်ကြီး ဦးမောင်မောင်ဦးမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

03-Sep-2026