ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း

ပုသိမ် စက်တင်ဘာ ၂

၂-၉-၂၀၂၆ ရက်နေ့ ယ‌နေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းမိသားစုများကိုယ်စား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်းကောင်း၊ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းနှင့် ရွှေမိုးကုမ္ပဏီလီမိတက်တို့က လည်းကောင်း၊ အလှူငွေများကို လာရောက်လှူဒါန်းမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

02-Sep-2026