ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မအူပင်တက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper ဖတ်ကြား စွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်‌ရောက်

ပုသိမ် ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက မအူပင်တက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper ဖတ်ကြား စွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်‌ရောက် အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် ပညာရပ် နယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ် ပညာရှင်များဖြစ်ရန်၊ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလ ဟူသော ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရန်နှင့် နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို ပိုင်ပိုင်နိုင်နိုင် ကြိုးစားရယူရန် လိုအပ်ပါကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲဝင် စာတမ်းရှင် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာဘာသာရပ်အလိုက် Project Paper စာတမ်းများ ဖတ်ကြားတင်ပြမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ခင်းကျင်းပြသထားသည့် Poster များနှင့် Table Show များကို လှည့်လည်ကြည့်ရှုအားပေးပြီး စာတမ်းရှင်ကျောင်းသား၊ ကျောင်းသူများက စာတမ်းပါ အကြောင်းအရာများကို ရှင်းလင်းဖြေကြားခဲ့သည်။

31-Aug-2026