လေးမျက်နှာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရေဘေးသင့်ပြည်သူများကို ပရိတ်တရားတော်ချီးမြှင့်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းထောက်ပံ့ခြင်းအခမ်းအနား
ပုသိမ် ဩဂုတ် ၃၀
သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာဘုန်းတော်ကြီးတိုက်တွင် ကျင်းပသည့် လေးမျက်နှာ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရေဘေးသင့်ပြည်သူများကို ပရိတ်တရားတော်ချီးမြှင့်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းထောက်ပံ့ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ရာ ဦးစွာ သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော်ကြီး ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များ၊ ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတက အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ဩဝါဒကထာများ ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီး၏ တပည့်သာဝက ဒါယိကာ၊ ဒါယကာမများက လေးမျက်နှာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်များ၊ ရေဘေးသင့်ပြည်သူများကို လှူဖွယ် ပစ္စည်းများနှင့် ထောက်ပံပစ္စည်းများ လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။