ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများအတွက် အလှူငွေများလာရောက်လှူဒါန်း

ပုသိမ် ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဟင်္သာတမြို့တွင် မြန်မာ‌နေရှင်နယ်လိဂ် ဥက္ကဋ္ဌ၊ ရှမ်းယူနိုက်တက်‌ဘောလုံးအသင်း၊ ဧရာဝတီယူနိုက်တက်အမျိုးသမီး‌ဘောလုံးအသင်း၊ ရန်ကုန်ယူနိုက်တက်‌ ဘောလုံးအသင်း၊ ရတနာပုံယူနိုက်တက်‌ဘောလုံးအသင်း၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများ၊ မြန်မာ့လက်ရွေးစင်ကစားသမားများနှင့် M League တို့က ရေဘေးသင့် ဒေသများအတွက် စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀၀ အား တာဝန်ရှိသူများက လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

30-Aug-2026