ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်အလှူငွေလာရောက်လှူဒါန်း
၂၀၂၆ သြဂုတ် ၂၆
၂၅-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဧည့်ရိပ်သာတွင် အလှူငွေများကိုလှူဒါန်းရာ Aung Tha Pyay Khaing ထရေးဒင်းကုမ္ပဏီလီမိတက်က အလှူငွေကျပ်သိန်း (၁၁၀)ကိုလည်းကောင်း၊ Benchmark Marine & Agro Exports ကုမ္ပဏီလီမိတက်က ကျပ်သိန်း (၂၀၀)ကိုလည်းကောင်း လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
26-Aug-2026