ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး (၂၀၁၃)ခုနှစ်ကောက်ယူထားသောစာရင်းမှ သစ်တောမြေပယ်ဖျက်ရန် ကျန်ရှိသည့်ဧကများမှန်ကန်တိကျစေရေး မြေပြင်ကွင်းဆင်းစီစစ်ရေးအဖွဲ့များနှင့်တွေ့ဆုံ
ပုသိမ် သြဂုတ် ၂၆
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးသည် တိုင်းဒေသကြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးတို့နှင့်အတူ မြန်အောင်ခရိုင်အတွင်းရှိအင်္ဂပူ၊မြန်အောင်၊ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှုးရုံးများ၌ မြေပြင်ကွင်းဆင်းစီစစ်ရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့သည်။
အဆိုပါအခမ်းအနားတွင်သယံဇာတဝန်ကြီးကဧရာဝတီတိုင်းဒေသကြီးအတွင်း (၂၀၁၃) ခုနှစ်စစ်တမ်းအရ သစ်တောမြေပယ်ဖျက်စာရင်းတွင်ပယ်ဖျက်ရန်ကျန်းရှိနေသော အိမ်ခြေ (၅၀) အောက် အိမ်စု၊ ရွာစုများ ဧက (၇၂၃၆၂.၉၇) စာရင်းရှိပါကြောင်း၊ မိမိတို့မြိုနယ်များအနေဖြင့် ပယ်ဖျက်ရန်ကျန်ဧကများအားမြေပြင်ကွင်းဆင်းစီစစ်ရေးအဖွဲ့များဖွဲ့စည်း၍ဆက်စပ်ဌာနများနှင့် အမှုတွဲတစ်ခုချင်းအလိုက် Case by Case စိစစ်ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒလမ်းညွှန်ချက်ရှိသည့်အတွက် ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ မိမိမြို့နယ်အလိုက်အကွက်များသတ်မှတ်၍ ကွင်းဆင်းစီစစ်ရန်ကာလသတ်မှတ်ကာ Case တစ်ခုချင်းတည်ဆောက်သွားရန်လိုအပ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍သက်ဆိုင်ရာဌာနများဖြစ်သော ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှညွှန်ကြားရေးမှုးတို့က လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကွင်းဆင်းစီစစ်ရေးအဖွဲ့ဥက္ကဌ၊ အတွင်းရေးမှူးတို့က ကွင်းဆင်းဆောင်ရွက်ရာ၌ကြုံတွေလာနိုင်သည့်အချက် အလက်များအပေါ်သိလိုသည်များမေးမြန်းသဖြင့်ဌာနအသီးသီးတို့မှ ရှင်းလင်းဖြေကြား၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။