ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ဟင်္သာတမြို့သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှူအားပေး
ပုသိမ် သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်နှင့် တာဝန်ရှိသူများ သည် ဟင်္သာတမြို့သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှူ့အားပေးခဲ့ရာ ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့အဝင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊ ဌာနဆိုင်ရာရုံများ၏ပရဝုဏ်အတွင်းနှင့် မျက်နှာစာများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊ ဟင်္သါတတက္ကသိုလ်မိန်းလမ်း လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများအားလိုက်လံကြည့်ရှူ့အားပေးခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၊ အေးမြသာယာ ပြည်သူ့အားကစားကွင်းသန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် မင်းရဲကျော်စွာလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအားလိုက်လံကြည့်ရှူ့အားပေးခဲ့ပါသည်။
26-Aug-2026