ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာအိပဲ့ကျမှုအားကြည့်ရှုစစ်ဆေး

ပုသိမ် ဩဂုတ် ၂၆

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၊ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၊ တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာတွင် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့ရာ ယနေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့၊ ချောင်းဖျားကျေးရွာ ဆည်မြောင်း တာအိ ပဲ့ကျမှုကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စက်ယန္တရားများအသုံးပြု၍ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ သဲအိတ်ဆင့်ကာ တာခြေထောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ယာယီပန်းတာတည်ဆောက်ခြင်း ဆောင်ရွက်ပြီးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာကိုယ်ထည် ထပ်မံတိုက်စားပဲ့ကျမှုမဖြစ်ပွားစေရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မထိခိုက်စေရေးအတွက် အရေးပေါ်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အချိန်မီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ သဲအိတ် ဆင့်ခြင်းနှင့် တာခြေထောက်ခြင်းလုပ်ငန်းများကို လိုအပ်သည့်နေရာများတွင် အပြည့်အဝဆောင်ရွက်ရန်၊ ယာယီပန်းတာတည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်အရွယ်အစား ပြည့်မီအောင် အမြန်ဆုံးပြီးစီးရေး ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ကမ်းထိန်းလုပ်ငန်းဖြစ်သည့် ပန်းဝာာတည်ဆောက်ရာတွင် ကြိုတင်ရွှေပြောင်းခဲ့ရသည့် နေအိမ်နှင့် ကွမ်းခြံအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

26-Aug-2026