ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် မအူပင်ခရိုင်အတွင်းရှိ စိုက်တိုးမြှင့်အဖွဲ့များနှင့်တွေ့ဆုံ
၂၀၂၆ သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် ၂၆-၈-၂၀၂၆ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးသမဝါယမဦးစီးန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန ဒုတိုင်းဦးစီးမှူးတို့နှင့်အတူ စိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မအူပင်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်များမှ စိုက်တိုးမြှင့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
26-Aug-2026