ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး တိုင်းဒေသကြီးဆားလုပ်ငန်းရှင် တောင်သူအသင်းအဖွဲ့များနှင့်တွေ့ဆုံ
ပုသိမ် သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် တိုင်းဒေသကြီးဆားလုပ်ငန်းရုံး၌ တိုင်းဒေသကြီးဆားလုပ်ငန်းဦးစီးမှူး၊ ဖျာပုံ၊ငပုတော၊လပွတ္တာမြို့နယ်များမှတိုင်းဒေသကြီးဆားလုပ်ငန်းရှင်တောင်သူအသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးမှလာမည့် (၂၀၂၆-၂၀၂၇) ဆားရာသီချိန်တွင် ဆားများ လျာထားချက်ပြည့်မီအောင်ထုတ်လုပ်နိုင်ရေးအတွက် စက်သုံးဆီလိုအပ်ချက်များအချိန်မီရရှိနိုင်ရေး၊ ဆားတောင်သူအဖွဲ့များဖွဲ့စည်းပုံကျစ်လစ်ခိုင်မာရေး၊ လိုအပ်သည့်ပံ့ပိုးကူညီမှုများရရှိနိုင်ရေးပေါင်းစပ်ဆောင်ရွက်ရမည်များကို တောင်သူလုပ်ငန်းရှင်များနှင့်ရင်းနှီးပွင်းလင်းစွာတွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။