ငါးသိုင်းချောင်းမြို့၌ ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အခက်အခဲမရှိသလို သောက်သုံးရေမပြတ်လပ်ပါကြောင်း

၂၀၂၆ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရန် တာဝန်ရှိသူများမှဦးဆောင်၍ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီထောက်ပံ့ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့ တာတစ်လျှောက် ကားလမ်းမကြီးဘေးရှိ ယာယီတဲအိမ်များမှ ပြည်သူများအတွက် ၁,၁၀၀ ဂါလံဆံ့ ယာယီရေလှောင်ကန် (၆) လုံးဖြင့် ရေဖြန့်ဝေပေးလျက်ရှိသည့်အပြင် စံကျောင်းဘုန်းတော်ကြီးကျောင်း၌ The Split Of Brotherhood Mission (TSBM) အသင်းမှ လှူဒါန်းထားသည့် ၁ နာရီလျှင် လီတာ ၅၀၀ နှင့် လီတာ ၇၅၀ ထွက်ရှိသော ရေသန့်စင်စက် (၂) စက်မှ ထွက်ရှိသည့် ရေသန့်များကို ၂၀ လီတာဆံ့ ဘူးများတွင် ဖြည့်သွင်း၍ လှေများ၊ ဂွန်ဒေါင်းယာဉ်များဖြင့် မြို့တွင်းကယ်ဆယ်ရေးစခန်းများနှင့် လမ်းအသီးသီးရှိ ရေဘေးသင့်ပြည်သူများထံ အရောက် ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းကြသည့် ရေသန့်ကတ်များကိုလည်း ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက် ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

24-Aug-2026