လေးမျက်နှာမြို့ ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မအထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြို့တွင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများ အသိပေးထုတ်ပြန်ကြေညာ

၂၀၂၆ ဩဂုတ် ၂၄

လေးမျက်နှာမြို့ ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြို့တွင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများကို အောက်ပါအတိုင်း အသိပေးထုတ်ပြန်ထားကြောင်း Information Center များမှသိရသည်။

#ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတ(ကားဖြင့်)

#နိဗ္ဗာန်-ယုန်သလင်း-ခမောက်စု(ကားဖြင့်)- ခမောက်စုမှ အိုင်သပြု(စက်လှေ)

#ဟင်္သာတ- တလုတ္ထော်-သင်္ကန်းတော -လဟာပ-စာရေးကွင်း(၆)ဘီးယာဥ်ဖြင့်

#ဟင်္သာတ-တလုတ္ထော်-သင်္ကန်းတော-အုတ်ပုံ-ဇရပ်ကွင်း(ယာဥ်အလတ်)

#ဟင်္သာတ-တလုတ္ထော်ရပ်ကွက် (၂) - တမိုင်- ကြပ်ပြေး-အုတ်ပုံ(ကားလေး)

#ဟင်္သာတ-တလုတ္ထော် -မြို့ကွင်းတံတား -ခြောက်ရွာ-ကျွဲသောင်-မှန်ကုန်းလမ်းမှတစ်ဆင့် ဆိတ်နို့ကုန်း- လေးမျက်နှာတံတား (ကားဖြင့်)

ရေအတက်အကျပေါ်မူတည်၍ လမ်းကြောင်းများပြောင်းလဲနိုင်ပါသဖြင့် လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်လှူဒါန်းလိုသည့် ပရဟိတစေတနာရှင်၊ အလှူရှင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်အမှန်တကယ်အကျိုးရှိ ထိရောက်စွာ လှူဒါန်းနိုင်ရန် အတွက် လက်ရှိမြေပြင်အခြေအနေကို ဒေသရှိကွပ်ကဲရေးအဖွဲ့များနှင့် ချိတ်ဆက်၍ လမ်းညွှန်ချက်များ အတိုင်းပူးပေါင်းပါဝင်ခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

24-Aug-2026