ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအတွက် The Spirit of Brotherhood Mission(TSBM)အသင်းအဖွဲ့မှ လှူဒါန်းသောရေသန့်စင်စက် တပ်ဆင်ထား ရှိမှုအား ကြည့်ရှုအားပေး

ပုသိမ် ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ ၂၃ ရက်နေ့က ရေကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူ များကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင် အမှတ် (၁၉/၂-၁၉/၄)ရွှေကျောင်းကုန်းတံတား ရေစီးဆင်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး ပြီးနောက် ငါးသိုင်းချောင်းမြို့၊ စံကျောင်းဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ရေဘေးသင့်ပြည်သူများအတွက် The Spirit of Brotherhood Mission (TSBM) အသင်းအဖွဲ့မှ လှူဒါန်းသောရေသန့်စင်စက် တပ်ဆင်ထားရှိမှုအား ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

24-Aug-2026