ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ဟင်္သာတမြို့၊ သန့်ရှင်းသာယာလှပရေး ကြည့်ရှူ့စစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်နေကြသူများအား လိုက်လံအားပေး
ဟင်္သာတ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်သည် တာဝန်ရှိသူများလိုက်ပါ၍ မြို့အင်္ဂါရပ်နှင့်အညီ ဟင်္သာတမြို့သန့်ရှင်းသာယာလှပရေး သန့်ရှင်းရေးဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှူ့အားပေးခဲ့ကြောင်းသိရှိရပါသည်။ ရှေးဦးစွာ ဝန်ကြီးနှင့် အဖွဲ့သည် ဟင်္သာတမြို့ ဟင်္သာတဂေါက်ကလပ်၊ ဟင်္သာတမြို့အဝင်နှင့် ဌာနဆိုင်ရာရုံးများ၏ မျက်နှာစာနှင့် လမ်းဘေးဝဲယာများအား သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများအားလိုက်လံကြည့်ရှူ့အားပေးခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတ - တလုတ္ထော်လမ်း၊ ဟင်္သာတမြို့အထွက် သန့်ရှင်းသာယာလှပစေရေးအတွက် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ လုပ်အားပေးသန့်ရှင်းရေးဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှူ့အားပေးခဲ့ပါသည်။