လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကူညီရေးအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့ များ ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များတွင် အခက်အခဲမရှိစေရန် Information Centre များထားရှိ

၂၀၂၆ ဩဂုတ် ၂၂

လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကူညီရေးအတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များနေ့စဉ် လာရောက်လျက်ရှိရာ စေတနာရှင် အလှူရှင်များအနေဖြင့် သွားလာရေး အခက်အခဲမရှိ လိုအပ်သည့်နေရာများသို့ အဆင်ပြေစွာ ရောက်ရှိနိုင်ရန် နယ်မြေကွပ်ကဲရေးအဖွဲ့များမှ (၆)ဘီးယာဉ်များ၊ စက်လှေများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အလားတူ ရေတက်ချိန် ရေကျချိန်နှင့် လမ်းကြောင်းများ အပြောင်းအလဲရှိနိုင်သည့်အတွက် သတင်းအချက်အလက်များ သိရှိမျှဝေနိုင်ရေး Information Centre များကိုလည်း ကျုံပျော်- ရှားခဲ-နိဗ္ဗာန်လမ်းဆုံတွင်တစ်ခု၊ ခမောက်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တစ်ခုနှင့်ပိန်းအင်း ကျေးရွာတွင် ကွပ်ကဲရေးရုံးတစ်ခု ထပ်မံဖွင့်လှစ်၍ အလှူရှင်များ၊ကူညီကယ်ဆယ်ရေးအဖွဲ့များ အနေဖြင့် ကုန်းလမ်း၊ရေလမ်းခရီးစဉ်များတွင် အခက်အခဲမရှိစေရေးနှင့်လုံခြုံချောမွေ့စွာ ရောက်ရှိနိုင်ရေးအတွက် ခရီးစဥ် မြေပုံလမ်းညွှန်များ၊ ရောက်ရှိနိုင်သည့် ကျေးရွာများ၊ ဆက်သွယ်ရမည့် တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များကို သေချာလမ်းညွှန်ကူညီပေးခြင်း၊ သက်ဆိုင်ရာ နယ်မြေကွပ်ကဲရေးအဖွဲ့များကလည်း လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်းသိရသည်။

22-Aug-2026