ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များမှရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရေကြည် ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် ရေကြည်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မအူကုန်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် ကြပ်ကွင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအားဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွှန့်၊ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့်ပရဟိတအဖွဲ့ဝင်များကယနေ့နံနက်ပိုင်း၌ စက်လှေဖြင့် သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာဆန်(၄)ပြည်အိတ် (၂၃၀)အိတ် ၊ ဆီပိဿာ(၂၀) ၊ ရေသန့် (၈၅) ကတ်၊တာ‌ပေါ်လင်(၂)လိပ်နှင့်ထောက်ပံ့ငွေများစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရေကြည်မြို့နယ်တွင်ရေကျော်စီးဝင်ခြင်းကြောင့် ယာယီရေဘေးရှောင်ရပ်ကွက်(၈)ခု၊ကျေးရွာအုပ်စု (၁၆)အုပ်စုမှအိမ်ထောင်စု(၂၉၉၄)အိမ် ၊လူဦးရေစုစုပေါင်း (၁၀၁၁၈) ဦးတို့အား မြို့နယ်အတွင်းရှိ အားကစားရုံံ၊ shelter ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့နေရာချထားပေးလျှက်ရှိပြီးပရဟိတအဖွဲ့အစည်းများကလည်းသွား‌လာ‌ရေးအဆင်ပြေချောမွေ့စေရန်အခမဲ့ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

22-Aug-2026