ဝါးခယ်မမြို့နယ်တွင် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး
၂၀၂၆ သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ MSME ကဏ္ဍဖွံ့ဖြိုးတက်ရေးအတွက် ထုတ်ကုန်များ အဆင့်တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်များ အစားထိုး သုံးစွဲနိုင်ရေး၊ စွန့်ဦးတီထွင်လုပ်ငန်းများဆောင်ရွက်၍ Brand Founder များဖြစ်စေရေး၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့ပြစည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။