ဧရာဝတီတိုင်းဒေသကြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌနှင့် မအူပင်မြို့ရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

၂၀၂၆ ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် မအူပင်မြို့ ရှိ အသေးစား၊ အလတ်စား၊ စက်မှုလက်မှု(MSME)လုပ်ငန်းရှင်များနှင့် ယနေ့နံနက် (၁၁)နာရီက ပြည်သူ့ဆောက်လုပ်ရေးရိပ်သာ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ဝင်းမှ မအူပင်မြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား၊ စက်မှုလက်မှု (MSME)လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းအချက်အလက်များအား ရှင်းလင်း တင်ပြသည်။

တိုင်း​ဒေသကြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီးမှ တိုင်း​ဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူ​ရေး အ​ခြေခံ MSME လုပ်ငန်းများသည် ​စာ​နပ်ရိက္ခာများ ဖူလုံကြွယ်ဝ​ရေးကို ဖြည့်ဆည်း​ပေး​နေသည့် အဓိက အခန်းကဏ္ဍတွင် ပါဝင်​နေ​ကြောင်း၊ တိုင်း​ဒေသကြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အ​ရေးပါ​နေသည့်အတွက် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဈေးကွက်တိုးချဲ့နိုင်​ရေး အတွက် အစီအစဥ်များ ချမှတ်​ဆောင်ရွက်​နေပါ​ကြောင်း ၊ စိုက်ပျိုး​ရေး ​မွေးမြူ​ရေး အ​ခြေခံ MSME လုပ်ငန်းများအ​နေဖြင့် ကုန်ထုတ်လုပ်ရာတွင် ပြည်တွင်းကုန်ကြမ်းများ အပြည့်အဝအသုံးချနိုင်​ရေး ၊ သွင်းကုန်အစားထိုးကုန်ပစ္စည်းများထုတ်လုပ်နိုင်​ရေး၊ တန်ဘိုးမြင့် ထုတ်ကုန်အမယ်သစ်များထုတ်လုပ်နိုင်​ရေး၊ ထုတ်ပိုးမှု အဆင့်မြင့်​စေ​ရေး ၊ ပြည်ပပို့ကုန်အဆင့် ထုတ်လုပ်နိုင်​ရေးအတွက် နည်းပညာရရှိ​ရေး ၊ ​စျေးကွက်အဆက်အသွယ်ရရှိ​ရေး၊ အရင်းအနှီး​ချေး​ငွေရရှိ​ရေး ၊ ​စာရင်းနှင့် ငွေ​ကြေးစီမံခန့်ခွဲမှု ကျွမ်းကျင်​စေ​ရေး နှင့်ပါတ်သက်၍ ​​ဆောင်ရွက်မည့် အစီအမံများအား ရှင်း​လင်းပြောကြားခဲ့ပါသည် ။ အဆိုပါတွေ့ဆုံပွဲသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မအူပင်မြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား၊ စက်မှုလက်မှု (MSME)လုပ်ငန်း(၁၁)ခုမှ လုပ်ငန်းရှင်များတက်ရာက်ခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းတင်ပြရာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌမှ လမ်းညွှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

20-Aug-2026