ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဧရာရွှေဝါကုမ္ပဏီမှ ဆန် ၄ ပြည်ဝင်အိတ် ၁၅၀၀ အား လာရောက်လှူဒါန်း
ပုသိမ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဧရာရွှေဝါကုမ္ပဏီမှ ဆန် ၄ ပြည်ဝင်အိတ် ၁၅၀၀ အား လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
19-Aug-2026