ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် Wilmar Myanmar(ဝေလ်မာ မြန်မာ) လီမိတက်နှင့် National Infrastructure Holding ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ အထောက်အပံ့ပစ္စည်းများလာရောက်လှူဒါန်း

ပုသိမ် ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် Wilmar Myanmar (ဝေလ်မာ မြန်မာ) လီမိတက်နှင့် National Infrastructure Holding ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ အထောက်အပံ့ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနရိပ်သာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ လာရောက်လှူဒါန်းခဲ့သည်။

ဦးစွာ Wilmar Myanmar လီမိတက်နှင့် National Infrastructure Holding ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ခြုံစောင် (၁၀ဝဝ)ထည်၊ ကုလားပဲ 30kg (၆၅၀)အိတ်၊ ဟင်းချိုမှုန့် (၁၀ဝဝ)ထုပ်၊ ငါးပိချက်(၃၈ဝဝ)ထုပ် ပစ္စည်း တန်ဖိုးကျပ် ၁၆၃,၇၅၀,၀၀၀ (တစ်ထောင်ခြောက်ရာသုံးဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်)နှင့် အလှူငွေ ကျပ် ၅၀,၀၀၀,၀၀၀ (ကျပ်သိန်းငါးရာ)၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၁၃,၇၅၀,၀၀၀ (နှစ်ထောင်တစ်ရာ သုံးဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်)အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

18-Aug-2026