ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်

ပုသိမ် ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲကျေးရွာသို့ ရောက်ရှိ၍ ဓမ္မာရာမကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့က အားပေးစကားများနှင့် ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန်က ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကာ ပြည်သူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

18-Aug-2026