ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့် အတူ လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့၏အနီးကပ်ကြီးကြပ်မှုဖြင့် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်တွဲများအပါအဝင် Jumbo Bags အား ကရိန်းအသုံးပြု၍လည်းကောင်း၊ ပန်းတာရေဝင် လမ်း ပိတ်ဆို့ကာကွယ်မည့် Geo-bags ချသည့် ဒဂုန်စာမရီရေယာဉ်နှင့် မြဟန်တိုး သဲယာဉ်တို့ဖြင့် လည်းကောင်း၊ မျောတုတ်တန်း အပြင်ဘက်ခြမ်းတွင် ပိုမိုတောင့်တင်းစေရန် နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုတ်ပိုးထားသည့် သဲအိတ်ဖြည့် ကာကွယ်ခြင်းဖြင့်လည်းကောင်း၊ ရေစီးဝင်လမ်းကြောင်း၏ ရေစီးနှုန်းအခြေအနေပေါ်မူတည်၍ လုပ်ငန်းများဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်
။