ဓနုဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဓနုဖြူ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့်အဖွဲ့သည် ယနေ့ သြဂုတ်လ ၁၇ရက်နေ့ ညနေပိုင်းက ဓနုဖြူမြို့နယ်ရှိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့်အဖွဲ့သည် ဓနုဖြူမြို့ ဧရာဝတီဆိပ်သို့ရောက်ရှိကာ ဧရာဝတီမြစ်ရေမြင့်တတ်လာမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ အမှတ်(၁၅)ရပ်ကွက် တောင်ပေါ်ကျောင်းတိုက်အတွင်းရှိ ပုဗ္ဗါရုံကျောင်းတွင် ရေဘေးသင့်အိမ်ထောင်စု (၃၀)စု၊ လူဦးရေ(၁၁၅)ဦးအတွက်၊ ကြက်ဥ၊ ရေသန့်၊ ခေါက်ဆွဲ ခြောက်၊ ရေသန့်ဆေးပြားနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီးအားပေးစကားပြောကြားခဲ့သည်။ ထို့နောက် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မဟာဝိဟာရဓမ္မရိပ်သာကျောင်းတိုက်၌ ရေလဲကြီးကျေးရွာ ရေဘေးသင့်အိမ်ထောင်စု(၄၀)စု၊ လူဦးရေ(၁၇၄)ဦးအား ကြက်ဥ၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဆေးပြားနှင့် ထောက်ပံ့ငွေများပေးအပ်ပြီးအားပေးစကားပြောကြားခဲ့ကြကြောင်းသိရသည်။

17-Aug-2026