မြစ်ချောင်းများနှင့် ရေနုတ်မြောင်းများသန့်ရှင်းရေးဆောင်ရွက်မှု

၂၀၂၆ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုများ လျော့နည်းစေရေးအတွက် မြစ်ချောင်းများ၊ ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများကို အင်တိုက် အားတိုက်၊ ဂရုတစိုက်ဖြင့် စနစ်တကျသန့်ရှင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းများတွင် ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များ၊ နုန်းများနှင့် ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အရာများကို ဖယ်ရှားရှင်းလင်းခြင်း၊ ရေစီးရေလာ လွယ်ကူချောမွေ့စေရန် ရေမြောင်းများအား စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ဒေသခံများ ပူးပေါင်း၍ ဆောင်ရွက်နေကြသည်။ ထိုသို့ ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ခြင်းဖြင့် မိုးသည်းထန်စွာရွာသွန်းချိန်များတွင် ရေကြီးရေလျှံမှုနှင့် ရေဝပ်မှုများ ဖြစ်ပေါ်နိုင်ခြေကို လျော့နည်းစေပြီး ဒေသခံပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရေနုတ်မြောင်းများကို ပုံမှန်စစ်ဆေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆက်လက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့်လည်း ရေမြောင်းများအတွင်း အမှိုက်များမစွန့်ပစ်ဘဲ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။

17-Aug-2026