လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် မြစ်ကမ်းပါးပြိုကျမှုများနှင့် ဟင်္သာတတက္ကသိုလ် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကြည့်ရှု
၂၀၂၆ သြဂုတ် ၁၆
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှု့နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမိုးတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကနောင်မြို့၊ စျေးပိုင်းရပ်ရှိ ရေတိုက်စားမှုနှင့် မြန်အောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ နယ်ပိုင်အိမ်အနီး စွန့်ပစ်တာကမ်းပါးရေတိုက်စားမှု တို့အား အရေးပေါ်ကမ်းပါးကာကွယ်ရေးဆောင်ရွက်နေမှုတို့အားကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များအားပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတ-ဆုံကုန်း-မြန်အောင် လမ်းမိုင် ၁/၁ မှ ၁/၇ အထိ ၆ ဖာလုံ ၃ပေအကျယ် ၈လက်မထု ကွန်ကရစ်လမ်းပုခုံး ၂ ဖက်ခင်းခြင်း၊ လမ်းဘေးဝဲယာရှိ မြက်များရှင်းလင်းနေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်းများအားကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတတက္ကသိုလ်ရှေ့မိန်းလမ်းရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး Backhoe များဖြင့် ရှင်းလင်းခြင်းလုပ်ငန်းများ၊ အမြင်မတင့်တယ်သော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းဆောင်ရွက်ခြင်းလုပ်ငန်းများအားကြည့်ရှု့စစ်ဆေးအားပေးခဲ့ပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။