ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပ စေရေးနှင့် စိမ်းလန်းစို‌ပြေစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ပြည်သူများစုပေါင်း၍ တက္ကသိုလ်ပရဝဏ်နှင့် အဆောက်အဦများ၏ ပတ်ဝန်းကျင်အား ရှင်းလင်းခြင်း၊ တက္ကသိုလ်အတွင်း အလင်းဝင်ရောက်မှုရှိစေရန် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ တက္ကသိုလ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေးနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး အတွက် ဆောင်ရွက်ရန်မှာကြားခဲ့သည်။

15-Aug-2026