ဧရာဝတီ-ဟင်္သာတတာ (ညောင်ပင်သာပန်းတာ) တာမိုင် ၃၀/၀ မှ ၃၀/၃ အတွင်း ရေခွေပြုလုပ်ကာကွယ်ထားရှိမှုနှင့် သဲအိတ်ချ တာခြေထောက်အားဖြည့် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဧရာဝတီ-ဟင်္သာတတာ (ညောင်ပင်သာပန်းတာ) တာမိုင် ၃၀/၀ မှ ၃၀/၃ အတွင်း ရေခွေပြုလုပ်ကာကွယ်ထားရှိမှုနှင့် သဲအိတ်ချ တာခြေထောက်အားဖြည့် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာကြံ့ခိုင်မှုရှိစေရေးအတွက် ၂၄ နာရီ ရေကင်းများချထား၍ စောင့်ကြပ်စစ်ဆေးရန်၊ ထူးခြားမှုတစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန်နှင့် တာကြံ့ခိုင်မှု ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
14-Aug-2026